နိဂုံးပိုင်း

ညောင်.... 
  စူးစူးရှရှနာကျင်စွာအော်လိုက်တဲ့ ကြောင်ငယ်လေးအော်သံကြောင့် ကျွန်တော်တို့ ထမင်းစားဝိုင်းလေး ကနေ ပြေးထွက်သွား လိုက်တယ်။ကျွန်တော်တို့ဆိုတာက ကျွန်တော်ရယ် ဇနီးရယ် သမီးရယ်ပဲဖြစ်ပါတယ်။ ““အကို..ရေ ဟိုမှာ ဟိုမှာ...သွားပါပြီ အငယ်မလား၊အကြီးမလားပဲ”” 
  ဇနီးသည်ငိုသံပါကြီးနဲ့ လက်ညှိုးညွှန်ရာပြလိုက်တော့ အိမ်နောက်ဖက် သရက်ပင်ပေါ် ခုန်တက်သွားတဲ့ ကြောင်ဖြူကြီးရဲ့ ပါးစပ်ထဲမှာ အိမ်ကကြောင်လေးကောင်ထဲက အဖြူအ၀ါ ကြားကြောင်လေးပဲဖြစ်ပါတယ်။ကြောင် လေး ၄ကောင်ပေါက်ထဲကအ၀ါ၂ကောင်ကအထီးလေးဖြစ်ပြီးအ၀ါအဖြူကြားလေးကကြောင်မလေးနှစ်ကောင် မို့ ကြောင်မလေးတစ်ကောင်တော့ ကြောင်ဖြူကြီးရဲ့ ကိုက်ချီသတ်ဖြတ်ခြင်းကိုခံလိုက်ရပြီထင်ပါရဲ့။ ကျွန်တော်အိမ်နောက်ဖက်ကို ၀ုန်းကနဲထွက်ပြီးတီဗီအင်တာနာတိုင်ဘေးက ၀ါးလုံးနဲ့ကြောင်ဖြူကြီးကို လှမ်းထိုးတော့ ကြောင်ငယ်လေးကို လွှတ်ချပြီးတစ်ဖက်ခြံစည်းရိုးထဲကို ခုန်ကျော်ထွက်သွားပါရော။ လွှတ်ချလိုက် တဲ့ ကြောင်ကလေးပြေးကောက်တော့ လည်ကုတ်မျာသွေးတွေစို့ပြီး အသက်မရှိတော့ဘူး။မျက်လုံးကလေးပြူး လျက်ကြောက်လန့်တုန်လှုပ်စွာသေသွားတာပဲ ဖြစ်ပါလိမ့်မယ်။ ““တောက်..”” ကျွန်တော်ပြင်းပြင်းထန်ထန်ပဲတောက်ခေါက်ဖြစ်လိုက်တယ်။ ဇာတ်တူသားချင်းသတ်ဖြတ် တဲ့ ကြီးနိုင်ငယ်ညှင်းသတ်္တလောကရဲ့ ကြမ်းတမ်းတဲ့ စရိုက်သဘာဝတွေကို ကိုယ်တွေ့ကြုံလိုက်ရတာပါပဲ။တိရစာ်္ဆန် ချစ်တတ်တဲ့ ကျွန်တော်တို့အတွက်တကယ့်ကို ကြေကြေကွဲကွဲဖြစ်သွားခဲ့ရတာပါပဲ။ ဇနီးသည်ကတော့ ကျွန်တော့်လက်ထဲက ကြောင်သေကလေးကို လက်ပြောင်းပွေ့ယူပြီးတွေတွေကြီး ကြည့်နေပါတော့တယ်။ ကျွန်တော်ကြည့်မိတော့ မျက်ရည်မြစ်နှစ်စင်းကလူးလူးလိမ့်လိမ့်ဆင်းလို့ပါ။ ““ဖြစ်ရလေသမီးလေးရယ် အမေပေါ့သွားတာ ”” အသက်မဲ့နေတဲ့ ကြောင်ကလေးကို ငိုလျက်စကားပြောနေတဲ့ ဇနီးကို ပိုရန်ကောလို့ကျွန်တော်မမြင်မိ ပါဘူး။ ““နောက်ကောင်တွေ ဂရုစိုက်မှရတော့မယ်။ ဒီကောင်လာလက်စနဲ့လာတော့မှာ။လစ်တာနဲ့ကိုက်သတ် မှာပဲ။သွေးဆာနေတဲ့ကောင်ဆိုတော့ အမြဲတန်းချောင်းနေတော့မှာ”” ကျွန်တော်သတိပေးစကားကို ဇနီးကခေါင်းငြိမ့်ပြတယ်။သူ့ချစ်ဇနီးနာမည်ပေးထားတဲ့ ၀တုတ်၊အာလူး၊ အကြီးမ၊အငယ်မ မောင်နှမ ၄ကောင်ထဲက အကြီးမလေးကမရှိရှာတော့ဘူး။အရောင်အသွေးရော၊ အမွေးအမျှင် ရော၊ မျက်လုံးလဲ့လဲ့လေးရော ပိုင်ဆိုင်ခဲ့တဲ့ ကြောင်သေလေးကို ကျွန်တော်မြှုပ်နှံဖို့ဇနီးသည်ဆီကလက်လွှဲယူ လိုက်ပါတယ်။ ကျွန်တော်တို့လင်မယားရဲ့ ကြေကွဲမှုတွေကို ကြောင်ဖြူကြီးက တစ်နေရာရာကနေများပြန်ပြီးချောင်းနေ မလား။လူလိုဆိုရင်တော့ဟားတိုက်နေမလား။ဧကစာချိုကာတွန်းထဲကလို ကြောင်နှစ်ကောင်က““လူတောင်တောင်ကောင်တွေပါကွာ””လို့များ ကြောင်စကားပြောနေမလား။““သင်းတွေ့မယ်...”” ကျွန်တော်စိတ်ထဲကကြုံးဝါးလိုက်တာပဲဖြစ်ပါတယ်။ (၂) ““အကို...ထထ ဟိုအကောင်ကြီးလာနေတယ်ထင်တယ် ခေါင်မိုးပေါ်မှာခြေသံကြားတယ်”” ကျွန်တော့်ကိုဇနီးသည်က အသံအုပ်အုပ်နဲ့နှိုးတော့ အာဆင်နယ်နဲ့နောဝစ်ခ်ျ ပရီမီယာလိဂ်ဘောလုံး ပွဲကြည့်ပြီးစ၊အာဆင်နယ်သွင်းဂိုးတွေပြန်မြင်ပြီး အိပ်မပျော်သေးဘဲမှိန်းနေတာကြောင့် ကျွန်တော်တွေမနေဘဲ ချက်ချင်းပဲ ခေါင်းအုံးအောက်က ဓာတ်မီးလေးဆွဲပြီးထထိုင်လိုက်တယ်။နားကိုအားစိုက်စွင့်တော့ ဟုတ်တယ် ခြေသံခေါင်မိုးပေါ်က။ ““ဟိုကောင်ဖြစ်မယ်ထင်တယ် ၀င်လာရင် မီးဖိုဖက်မောင်းထည့်ပြီး တံခါးပိတ်လိုက်တော့။အကိုအပြတ်နှိပ်ကွပ်လိုက်မယ်လာ”” ““ဘုန်း”” ဆိုတဲ့အသံလည်းကြားရော ကျွန်တော်ရော၊ဇနီးသည်ရော အိပ်ခန်းဝရောက်နေပြီ။သူဧည့်ခန်း ဆက်တီခုံလေးတွေပေါ်မှာ အိပ်နေတဲ့ကြောင်ငယ်လေး၃ကောင်ထဲကတစ်ကောင်ကောင်ကို အဖြူကောင်ကြီးကိုက်သတ်ဖို့ ကြိုးစားတော့မယ်။ ““ညောင်..ဝေါင်...ဝေါင်... ဟာနောက်ကျသွားပြီလား။ပါသွားပြန်ပြီလား။ကျွန်တော်ထိတ်ကနဲဖြစ်ပြီး ဓာတ်မီးလှမ်းထိုးတော့ကြောင် ကလေး၃ကောင်ထဲက ၀တုတ်ဆိုတဲ့ ကြောင်ထီးလေးကကြောက်လန့်တကြားအော်လိုက်တာပဲဖြစ်ပါတယ်။ သည်အချိန်မှာပဲ အဖြူကောင်ပေါ်အနက်ကြားတစ်ကောင်က၀ုန်းကနဲ ခုန်အုပ်လိုက်တယ်။ကြောင်ကလေးတွေရဲ့ အမေ နက်ကြားမရဲ့သူ့သမီးလေးအတွက် လက်စားချေတိုက်ပွဲ ပဲဖြစ်မယ်ထင်ပါရဲ့။ကြောင်ကလေး၃ကောင်က တော့ အမွှေးတွေထောင်ထပြီးနံရံထောင့်စွန်းလေးမှာ ဆောက်တည်ရာမရဖြစ်နေတယ်။ ““အကိုလုပ်အုံး နက်ကြားမကကလေးတွေနို့ဆွဲလို့ပိန်ကပ်နေတာ။ဟိုကောင်ကြီးကိုဘယ်လိုလုပ်နိုင်မှာလဲ နက်ကြားမ သေတော့မှာပဲ”” ကြောင်နှစ်ကောင်တိုက်ပွဲကို အကြောင်သားငေးကြည့်မိတဲ့ ကျွန်တော်လဲ အခုမှသတိဝင်လာပြီး လက်ထဲ ကိုင်ထားတဲ့ ဓာတ်မီးနဲ့အယောင်ယောင်အမှားမှားပစ်ပေါက်မိတယ်။ ကျွန်တော်ပစ်လိုက်တဲ့ ဓာတ်မီးက အိမ်နံရံ ကိုပဲမှန်သွားတာပါ။ ဒါပေမယ့် အဖြူကောင်ကြောက်လန့်တကြားနဲ့ မီးဖိုဖက်ပြေးသွားပါလေရော။သည်အခါမှာ တော့ ဇနီးသည်က သတိကောင်းပုံရတယ်။ ဧည့်ခန်းနဲ့မီးဖိုကြား တံခါးကိုပြေးပိတ်လိုက်တယ်။ကျွန်တော်လဲ မီးခလုပ်တွေလိုက်ဖွင့်ရတော့တာပေါ့။ဇနီးသည်က ကြောင်ကလေး၃ကောင်ကိုပြေးပွေ့ထားတယ်။ ““တော်သေးတယ် အိပ်ပျော်စလေး စိတ်ထဲထင့်နေလို့ သတိထားအိပ်နေတာ။ကဲ...အကို ဟိုအကောင် တော့မီးဖိုထဲဝရုန်းသုန်းကားဖြစ်နေပြီ။ပြေးပေါက်ရှာမရဖြစ်ပြီး အိုးခွက်တွေကျကွဲကုန်အုံးမယ်။အကို ဘယ်လို လုပ်မလဲ”” တကယ်တန်းကျတော့ ကျွန်တော်ဘာလုပ်ရမှန်းမသိဘူး။လက်တွေ့မတွေ့ခင်၊မကြုံခင်တုန်းကသာ ဟိုလိုလုပ်မယ်၊ဒီလိုလုပ်မယ်ပြောတာ။အခုထိပ်တိုက်ရင်ဆိုင်ပြီတဲ့။တုတ်နဲ့ပြေးရိုက်ရမလား။သူလဲသူ့အသက် သေသွားနိုင်တဲ့အန်္တရာယ်ရနံ့ကိုရနေပြီ တိုက်ခိုက်ပါပြီတဲ့ မျက်နှာတို့လည်ကုတ်တို့ ကုတ်ခြစ်မိရင်လွယ်မယ်မ ထင်ဘူး။ခွေးကိုချောင်ပိတ်ရိုက်ရင် ကိုက်မှာလို့ပြောကြတယ်။ကြောင်ချောင်ပိတ်ရိုက်ရင် ကုတ်မှာပဲ။ ကျွန်တော် အတွေးတွေနဲ့ တွန့်ဆုတ်နေမိတယ်။ ““ငါဘာလုပ်ရမှန်းမသိဘူး”” ““ဟောတော့ ...အကိုပဲ အရင်ရက်က အပြတ်နှိပ်ကွပ်မယ်ဆို”” ဇနီးကတော့ ကျွန်တော့်ကိုသွေးထိုးပေးနေပါပြီ။ ““ရော့ ...အင့် ဒါနဲ့ရိုက်”” ဇနီးသည် ကျွန်တော့်လက်ထဲထိုးထည့်လိုက်တာကတော့ တံမျက်စီးတစ်ချောင်းပဲဖြစ်ပါတယ်။ပလပ်စတစ် လက်ကိုင်ရိုးတံမျက်စီးနဲ့ ရိုက်လို့ကတော့ အဖြူကောင်ဘသားချောက အယားပြေရုံပဲရှိမှာပါ။ ဒါပေမယ့်ကျွန်တော် အဲသည့်လက်နက်ကိုပဲ ကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောင်မလာရဲအောင်၊ကြောက်လန့်အောင်လောက်ပဲ ၄၊၅ချက်ရိုက်ပြီး မီးဖိုတံခါးကို ဖွင့်ပေးလိုက်ဖို့လဲစိတ်ကူးမိပါတယ်။ ဒါမှဒီကောင်ပြတင်းတံခါးကနေ ထွက်ပြေးလွတ် မြောက်မှာပေါ့။ ကျွန်တော့်စိတ်ကူးကို ကျွန်တော်အတည်ပြုပြီး မီးဖိုတံခါးကို လူတစ်ကိုယ်ဝင်စာ ဟရုံဖွင့်ပြီးမီးဖိုခန်း ထဲဝင်သွားလိုက်တယ်။လက်နှစ်ဖက်ကတော့ တံမျက်စီးကိုပြောင်းပြန်ဆုပ်ကိုင်လို့ ...။ ဟောဗျာ ငတိကကြောက်လန့်တကြားနဲ့ ရေချိုးခန်းအကာအပေါ်ပိုင်း ဆနွင်းမကွင်းကွက်ရိုက်ကာထား တဲ့ သစ်သားနှစ်ချောင်းကြားညှပ်နေရှပြီ ခေါင်းကရေချိုးခန်းဖက်၊ ကိုယ်လုံးကမီးဖိုဖက် လှုပ်လို့ ရုန်းလို့ကိုမရအောင် ကျဉ်းထဲကျပ်ထဲကျနေပြီ။ပြေးရိုက်စရာမလိုဘူး။ပိတ်ရိုက်စရာမလိုတော့ဘူး အပိုင်ရိုက်ကွက်။ ကျွန်တော်အဖြူကောင်ရဲ့ မျက်လုံးကို တစူးတစိုက်ကြည့်မိတော့ သွားပြီလွန်ခဲ့တဲ့၂ရက်ကကြောင်ကလေး ကို ကိုက်သတ်သွားတုန်းကတွေ့ရတဲ့ မျက်လုံးမျိုးမဟုတ်တော့ဘူး။ သွေးဆာနေတဲ့မျက်လုံးကခုတော့ပြုးကြောင် ကြောက်လန့် သွေးပျက်နေပြီ။လုပ်သမျှခံရတော့မယ် ပြုသမျှနုရတော့မယ် သနားပါဗျာဆိုတဲ့ မျက်လုံးမျိုးလို့ တောင် သတ်မှတ်ရမယ်ထင်ရဲ့။ဆိုင်လားမဆိုင်လားတော့မသိဘူး အိုစမာဘင်လာဒင်၊ကဒါဖီ၊ဆဒမ်ဟူစိန်တို့ ရဲ့ နောက်ဆုံးအချိန်က တွေ့ရတဲ့မျက်လုံးမျိုးနဲ့ကို ဒီကောင်တူနေပြီ။ ကျွန်တော်မီးဖိုပြတင်းတံခါးကို ဖွင့်လိုက်တယ်။နောက်ရေချိုးခန်းထဲဝင်ပြီး ပြောင်းပြန်ကိုင်ထားတဲ့တံမျက်စီး ကို အတည့်ကိုင်ပြီး အားထည့်ရိုက်လိုက်တယ်။ကွဲပြဲသွေးထွက် မရှုမလှဖြစ်သွားမှာကိုကျွန်တော်မကြည့်ရက်၊မ လုပ်ရက်တဲ့ စိတ်ကအလိုအလျောက်ပေါ်လာတာလား။ကျွန်တော်ကိုယ့်ကိုယ်ကို ဝေခွဲရခက်သွားပါတယ်။ တံမျက်စီးအမွှေးနဲ့ ၅ချက်လောက်ရိုက်တော့ သူ့ရုန်းကန်အားကြောင့်လား၊ပျဉ်ချပ်ကဆွေးလို့လားမသိ ပါ။ပျဉ်တစ်ချပ် ကျိုးသွားပြီ ဒီကောင်လဲ မီးဖိုဖက်လန်ကျ သွားတယ်။ ကြောက်လန့် တကြား ဟိုပြေး သန်ပြေးကနေ ကျွန်တော်ဖွင့်ပေးထားတဲ့ ပြတင်းပေါက်ကနေ လွှားကနဲ ခုန်ထွက်သွားပါတော့တယ်။သူလွတ်မြောက်သွားပြီ လား။ ဒါပေမယ့် ဗွမ်းဆိုတဲ့ အသံကြီးကို ကျယ်ကျယ်လောင်လောင်ကြီးကို ကြားလိုက်ရ ပါတော့ တယ်။ သေချာပြီ .. ဒီကောင်လိုတာထက်အားထည့်ခုန်လိုက်တယ် ထင်ပါရဲ့။ရေတွင်းဟောင်း ကြီးထဲ တိုက်ရိုက်ပြုတ်ကျသွားတာ။ရေတွင်းဟောင်းထဲမှာ ရေတွေရှိတယ်။အမှိုက်တွေရှိတယ်။ရေတွင်းနံရံမှာရေညှိတွေရှိတယ်။ ““ဒီကောင်ကြီး ရေထဲကနေပြန်တက်လာမှာလားဟင်...နောက်ရက်တွေ အညှိုးတကြီးနဲ့ပြန်လာနေမှ””  
ဇနီးသည်က စိုးရိမ်စိတ်နဲ့လား၊အိပ်ချင်မူးတူးဖြစ်နေတာလား၊ မီးဖိုထဲက တိုက်ပွဲအသံကြောင့်လား၊သူ့ အသံက ပုံမှန်တော့မဟုတ်ဘူး။ ကျွန်တော့်ဇနီးသည်လက်ထဲက ကြောင်ကလေး၃ကောင်ကို အသာပဲယူပြီး ကြမ်းပြင်ပေါ် ချပေးလိုက်တယ်။ 
 ““လာ...အိပ်ကြစို့။အခုအချိန်ကစပြီး စိတ်ချလက်ချ အိပ်လို့ရပြီ။မင်းနားလည်ထား ကြောင်ကြာကြာ ရေမငုတ်တတ်ဘူး။ပြီးတော့ အချိန်အကြာကြီး ရေမကူးတတ်ဘူး””  
xxxxxxxxxxxxxx

No comments:

Post a Comment