ခုတော့ ကျွန်တော် အရိပ်လေးတစ်နေရာ ပိုင်ဆိုင်ခဲ့ပြီ သင်္ဘောခေါင်မိုးပေါ်မျာ အရိပ်တစ်နေရာစာကို မလုမယက် ဘဲ ရဖို့ ဘယ်သူ စွမ်းဆောင်နိုင်ပါသလဲ၊ ကျွန်တော်ကတော့ စွမ်းဆောင်နိုင်ခဲ့ပါသည်။
မနေ့က ညနေပိုင်း ဆိုင်ပိတ်ချိန်လောက်မှာ လူကြုံက တစ်ဆင့်ဖိတ်စာလေးတစ်ဆောင် ကျွန်တော့်ဆီ ရောက်လာ ခဲ့လေသည်။
လူကြုံ က ကျွန်တော့်ဆိုင်ကို မရှာတတ်လို့ ဖိတ်စာချက်ချင်း လာမပို့ဖြစ်တာကို တောင်းပန်သည်။
ကျွန်တော် ကတော့ သိပ်မကျေနပ်ချင်။ ကျွန်တော်တို့ရဲ့ တီဗွီ၊ ဗွီဒီယို၊ ရေခဲသေတ္တာ၊ ပန်ကာတွေ ရောင်း တဲ့ မီနီမားကတ် လို ဆိုင်မျိုးတောင် မရှာတတ်ဘူး ဆိုတာကတော့ ကျွန်တော့်ကို စော်ကား လိုက်တာ နဲ့ မထူးဟု ကျွန်တော်ထင်သည်။ ဒါပေမဲ့ လူကြုံစာလာပေးသူကို ဘာမျှ စောဒက မတက် လိုက်ပါ။ ကျေးဇူး အခါခါ ဆိုပြီး လက်ဖက်ရည်ပင် တိုက်လိုက်သေးသည်။
ဖိတ်စာ စာအိတ်လေးကို ဖွင့်ဖောက်လိုက်တော့ တက္ကသိုလ်တက်စဉ်က မခွဲ၊ တတွဲတွဲ နေခဲ့သော ကျွန်တော့် သူငယ်ချင်း ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေး ဖြစ်နေသည်။ မင်္ဂလာဆောင် အခမ်းအနား ဖော်ပြရက် က မနက်ဖြန်ဆိုတော့ ကျွန်တော်တို့မျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ကို ယောက်ယက် ခတ်သွားသည်။
သူငယ်ချင်းရဲ့မြို့က ရထားမရောက်၊ ကားလမ်းလည်းပေါက်တာမဟုတ်၊ သင်္ဘောနဲ့ပဲ သွားရလိမ့်မည်။ ကားပေါက် လို့ကတော့ ကျွန်တော့် စပရင်တာလေးနဲ့ ညတွင်းချင်းတောင် သွားလိုက်ဦးမည်။ ခုတော့ သင်္ဘော နဲ့ သွားရပေပြီ။
ရေလမ်းခရီး ကို သိပ်သွားဖူးတာ မဟုတ်။ ကျောင်းတက်စသ်က သူငယ်ခင်ျး အတန်တန်ခေါ်၍ တစ်ခေါက် လိုက် သွားဖူးသည်။
ကုန်တွေ၊ လူတွေ ညပ်ခဲ ပြည့်သိပ်နေသော သဘောင်္(အခု ကျွန်တော်စီးသော သဘောင်္လောက်တော့ မဆိုး)ကို စီးခဲ့ရသည်။ ဒါတောင်မှ အပ်ပါးကမို့ သက်သောင့်သက်သာ ရှိခဲ့တာပါပဲ။ ကျွန်တော့် စိတ်အလို အရတော့ မသွားချင်။
ဆိုင်ကိုလည်း မန်နေဂျာနဲ့ လွှဲထားလိုက်ရမှာကို ၀န်လေးလှသည်။ ပြီးတော့ ပင်ပန်းနွမ်းနယ်စွာ သွားရမည့် ခရီးမျိုးကိုလည်း အကြောက်ကြီးကြောက်သည်။
ဒါပေမဲ့မသွားလို့ ဖြစ်တာမဟုတ်။ သူငယ်ချင်းစာထဲမှာက သတို့သား လူပျိုရံအဖြစ် ကျွန်တော် လုပ်ရမည်တဲ့လေ၊ အားလုံး စီစဉ်ပြီးသားမို့ ကျွန်တော်မလာရင် သူမျက်နှာပျက်၊ အရှက်ကွဲရတော့မှာ ဆိုပြီး ချည်တုပ်ထားသေးသည်။ သွားရတာပါပဲ။
လူမှုရေး အစာမကြေမှာကို ကျွန်တော်ကြောက်တတ်သည်လေ။
ဆိုင်မန်နေဂျာကို လုပ်ထားကိုင်ထားရမှာတွေ အတန်တန်မှာ ဒက်ဒီ နဲ့ မာမီကို ခရီးထွက်ရမည့် ကိစ္စ ပြောပြီး စူပါကတ်လေးဖြင့် သင်္ဘောဆိပ် ပြေးခဲ့ရသည်။ ဆီးရောင်လေး၏ ပြေးရှိန်နဲ့ သဘောင်္ အထက်တန်း လက်မှ ရချင်စိတ်တို့ရဲ့ ပမာဏ တိုင်းတာနိုင်လျှင်တော့ ကျွန်တော့်စိတ်က နှိုင်းမရအောင် သာခဲ့မည် ထင်သည်။
သဘောင်္ဆိပ်ရောက်တော့ ကျွန်တော်စီးရမည့် သဘောင်္ (အခုစီးနေသည့် သဘောင်္)က ငါးရက်မှ တစ်စင်း သာ ထွက်သည်တဲ့ မနက်ဖြန်မှာ သဘောင်္ပတ်ရှိသည်ဆိုတော့ ကျွန်တော်ဖြင့် ရုတ်တရက် ပျော်သလို တောင် ဖြစ်သွားသည်။
လက်မှတ်မေးတော့ အထက်တန်းအတွက် လက်မှတ်မရှိတော့ ဘွတ်ကင်ပြည့်နေပြီ။ ရိုးရိုးတန်းမျာ ပိုက်ဆံ ပေး နေရာဦးခိုင်းပါလားဟု လက်မှတ်ရောင်း စာရေးက အကြံပေးသည်
ကျွန်တော် ဒေါသထောင်းခနဲ ဖြစ်သွားခဲ့သည်။ နေရာဦးပေးတဲံ ကောင်လေးတွေကို ငွေအထပ်လိုက် ကျွန်တော် ပစ်ပေးနိုင်သည်။ ဒါပေမဲ့ ကျွန်တော် ရိုးရိုးတန်းက မစီးနိုင်။ ဘယ်တော့မှလည်း စီးလိမ့်မည် မဟုတ်။
ဒေါသဖြစ်လိုက်ချိန်မှာ ကျွန်တော့်မျက်နှာ အပြောင်းအလဲ ဖြစ်သွားပေမယ့် ဒါကို ချက်ချင်းမှာပဲ ပြင်ဆင် လိုက်နိုင်သည်။ ရယ်ကာ မောကာနှင့် ‘ပိုက်ဆံ’ပိုပေးမယ်၊ အပ်ပါးတစ်စောင် ဖြစ်အောင် လုပ်ပေးပါ’ ဆိုတော့ စာရေးက ရှူးရှူးရှဲရှဲ၊ သူဘယ်တော့မှ မှောင်ခိုမရောင်းတဲ့ အကြောင်း ရောင်းလို့ လည်း မရတဲ့အကြောင်း၊ ပစ်ပစ်ခါခါ ပြောချိန်မှာ စာရေးရဲ့ မျက်နှာမှာ မာနရိပ်ကို ဖျတ်ခနဲ တွေ့လိုက် ရသည်။
‘တစ်ခါတလေမှာ အထက်တန်း ကြိုတင်လက်မှတ်က ပျက်ကွက်တဲ့ လူရှိတတ်ပါတယ်၊ အဲဒီလို ပျက်ကွက် တဲ့ အခါဆို ထပ်ရောင်းပေးပါတယ်၊ မနက်ဖြန် စောစောတော့ ကြွခဲ့ပေါ့ဗျာ’
စာရေးရဲ့ ဘေးမှာ ထိုင်နေသူ (ကုန်ထမ်းအလုပ်သမားဖြစ်ဟန်တူသည်)က ပြေပြေပျော့ ပျော့ ပြောတော့ ကျွန်တော့် ခက်ထန်ထန် စိတ်က အနည်းငယ် လျော့ကျသွားခဲ့သည်။
ညအိမ်ပြန်ရောက်တော့လည်း ကျွန်တော့်မှာ ဘယ်လို့မှ အိပ်လို့မရ၊ သဘောင်္လက်မှတ်မရလိုက်မှာကို အစိုးရိမ် ကြီး စိုးရိမ်နေခဲ့သည်။
အထက်တန်းစီးမယ့်သူတွေရဲ့ သွားလာရေးကိစ္စ ပျက်ပြား သွားစေချင်သည်။
တကယ်ပါပဲ ကျွန်တော်ဖြင့် ရိုးရိုးတန်းက စီလိုက်ရရင် သဘောင်္ပေါ်မှာ မွန်းကျပ် မေ့မြောသွားမလား မသိ။ ကုန်စိမ်းတွေ ကုန်ခြော်ကတွေ၊ ဆီပီပါတွေ (တိရစ္ဆာန်တွေတောင် ပါသေး) ကြားမှာ ခြေချစရာ တစ်နေရာ တောင် ခဲယဉ်းလွန်းတဲ့ ရိုးရိုးတန်းလို နေရာမျိုးကတော့ ကျွန်တော့်တစ်သက် စီးမှာလည်း မဟုတ်။ ကျွန်တော်က လူနံ့၊ ချွေးနံ့၊ အနံ့ဆိုးအားလုံးကို ကြောက်တတ်သည်လေ။ ဒီနေ့မနက် ၄နာရီ ထိုးပြီးတာနဲ့ ကျွန်တော်သဘောင်္ဆိပ်ကို ရောက်ခဲ့သည်။
သဘောင်္အောက်ထပ် နောက်ပိုင်း ရိုးရိုးတန်းနေရာဆီကို လူတွေ တဖွဲဖွဲ လာနေကြသည်။ တချို့ ကလည်း ၀က်တွေ ကြက်ခြင်းတွေကြားမှာ တုံးလုံးပက်လက် အိပ်ပျော်လို့၊ သူတို့ကိုကြည့်ပြီး ကျွန်တော် ကြက်သီးမွေးညင်းပင် ထသွားသည်။ ဘယ်လိုလူတွေလဲ၊ ဘယ်အချိန်တည်းက သဘောင်္ပေါ် ရောက် နေကြတာလဲ၊ ညအိပ်နေရာယူတာလား အစောကြီးထလာတာလား၊ ဒီထက်စောရရင်တော့...။
ကျွန်တော်သူတို့အစား ရင်တုန်လှသည်။ ဒါပေမဲ့ ဒီကိစ္စက ပြဿနာမှမဟုတ်တာ၊ ကျွန်တော့်အတွက် အထက်တန်းလက်မှတ် ဒါက အရေးကြီးသည်။ စာရေးဆီ ၀င်စုံစမ်းတော့ ၆နာရီမထိုးခင်မှာ ပျက်ကွက် အတွက် ရောင်းပေးမည်ဆိုတော့ စိတ်မအေးနိုင်ဘဲ စိတ်ဓာတ်အင်အားတွေ ကျပြီးရင်း ကျလာခဲ့သည်။
လက်မှတ်ရုံနှင့် မလှမ်းမကမ်းမှာ ရှိနေသည့် လက်ဖက်ရည်ဆိုင်လေးမှာ သွားထိုင်လိုက် တော့သည်။ ကျွန်တော်သောက်ချင်သည့် မာလ်တိုဗာမရှိ။ နက်စ်တောင်မှမရှိ၊ ချက်နို့ဆီနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည် ကိုတော့ ကျွန်တော်ဘယ်လိုမှ မျိုမကျနိုင်၊ တစ်ငုံနှစ်ငုံတောင် ကျွန်တော် သောက်ချင်စိတ်မရှိ။
ဒါပေမဲ့ ကျွန်တော် လက်ဖက်ရည်တစ်ခွက်မှာလိုက်ပြီး စားပွဲထောင့်စွန်းဆီင်္ ပို့ထားလိုက်သည်။ ဘာမှ မမှာဘဲ ခပ်ကြောင်ကြောင်ထိုင်မှာမဟုတ်။
ဒါမျိုး ကျွန်တော်ရှက်တတ်သည်လေ။
အိတ်ထဲမှာ ပါလာသည့် ကျွန်တော့် ကင့်န်တ် စီးကရက် ၃လိပ်ကုန်ချိန် ၅နာရီခွဲလေပြီ။ လက်မှတ်ရုံကို ပြန် သွားတော့ ဘွတ်ကင်အားလုံး ပျက်ကွက်မရှိတဲ့။ ကျွန်တော်ဖြင့် နံနက်ခင်းမှာပင် ချွေးစို့လာလေသည်။
စာရေးက သိပ်အရေးကြီးရင်လည်း သဘောင်္ခေါင်မိုးပေါ်က စီးပါလားဟု မပွင့်တပွင့် ပြောတော့ စာရေး မျက်နှာကို ပိတ်ထိုးပစ်ချင်စိတ် အဆမတန်ကဲထွက်လာသည်။
ဒါပေမဲ့ ကျွန်တော့်စိတ်ကို ကျွန်တော်ထိန်းနိုင်ခဲ့သည်။
စိတ်လိုက်မာန်ပါ ရမ်းကားတာမျိုး ကျွန်တော် စက်ဆုပ်တတ်သည်လေ။
ဒီလိုနဲ့ သဘောင်္က ထွက်ခွာမည့်အချိန် နီးလာခဲ့သည်။
သဘောင်္ ခေါင်မိုးပေါ်ကို ယောကျာ်းသားများ အလျှိုလျှိုတက်သွားကြတာကို ကျွန်တော် အတိုင်းသား မြင်နေသည်။ ဒါနဲ့ပဲ ကုန်းဘောင်တံတား ဆွဲသိမ်းဖို့ လုပ်နေချိန်မှ စိတ်တုံးတုံးချ ဆုံးဖြတ်ပြီးနေပါဦး တားရင်း သဘောင်္ဆီ လျှောက်ခဲ့ရသည်။ အပြေးတောင် မသွားရဲ၊ ကျွန်တော်ခွာဖြင့် ကက်ဂလုပ် ဖိနပ်က ရွှံ့စေး များ ပေကျံနေသော ကုန်းဘောင်ပေါ်မှာ ချော်ချက်ကျသွားနိုင်သည်။
ကျွန်တော်အထက်တန်းအခန်းကိုလည်း စိတ်မကူးတော့၊ ရိုးရိုးတန်းနေရာကိုတော့ လုံးဝ ကွင်းရှောင် ပစ်လိုက်သည်။
ကျွန်တော်သံလှေကားလေးကတစ်ဆင့် သဘောင်္ခေါင်မိုးပေါ်ကို သတိကြီးစွာဖြင့် တက်လာခဲ့ ရတော့သည်။
မနက် ၆နာရီအတိမှာပင် သဘောင်္စတင်ထွက်ခွာလာပြီး ရေစီးကို ဒေါကြီးမောကြီး ထိုးခွဲသွားပေပြီ။ သဘောင်္ရဲ့ ခေါင်မိုးပေါ်မှာ ကျွန်တော်တစ်ယောက် သီးသန့်၊ လွတ်လပ်စွာ နေရာတစ်နေရာရခဲ့ပြီ။
မြစ် ဟိုဘက်ကမ်း အောက်ထဲကနေ နေလုါံ်က ထိုးထွက်လာဖို့ အားယူနေသည်။ အေးစိမ့်မှုကဲသော လေက ကျွန်တော့်မျက်နှာ ဆံပင်၊ ရင်အုံတို့ကို ထိပါးနေသည်။ သန့်ရှင်းလတ်ဆတ်သောလေရဲ့ အရသာ ကို ကျွန်တော် တွေ့ခဲ့ပြီ။ ရိုးရိုးတန်းနဲ့ အပ်ပါးက လူတွေတောင် သနားမိသေးရဲ့။
ကျွန်တော် ကျေနပ်နေသည်။
အခုမှ ခေါင်မိုးပေါ်က လူတွေကို ကျွန်တော်ကြည့်မိပေါ့။ ပီပါကြီး သုံးလေးလုံး ဆင့်ထားသလို ရှိသည့် ခေါင်းတိုင်ကြီး နားမှာ လူတွေ ပြွတ်ခဲ အုပ်ဖွဲ့ထိုင်နေကြသည်။ ခေါင်မိုးပြင် အကျယ်ကြီးပေါ်မှာ ကျပ်ခဲစွာ ထိုင်နေတာ ကို ကျွန်တော်ဖြင့် အံ့သြလို့ မဆုံးနိုင်တော့)
မနက်(၇)နာရီလော်ကမှာ နေလုံးက ကျွန်တော်တို့သဘောင်္နှင့် ရင်ပေါင်တန်းနေသည်။ တဖြည်းဖြည်း မြင့် တက်လာမည်။ ပြီးတော့ အစွမ်းကုန်ပူမှာလား မသိ။ ကျွန်တော့်မှာ စိုးရိမ်လာနေမိသည်။
တကယ်ပါပဲ။ ကျွန်တော် စိုးရိမ်သလိုပင် နေလုံးက သဘောင်္ထက်မြင့်တက်လာချေပြီ။ အပူဒဏ်ကို စတင်ခံစားနေရပါပြီ။ ကျွန်တော်မကြိုက်၊ သည်အလင်းရောင်၊ သည်အပူကို မကြိုက်။
သားရေအိတ်ထဲမှ ရေဘင်န် မျက်မှန်ကို ထုတ်တပ်လိုက်သည်။ မြစ်ရေပြင်ကို လှမ်းကြည့်လိုက်တော့ ညို့မောင် လို့သွားသည်။ လက်ကိုင်ပ၀ါကို ခေါင်းပေါ်ဖြန့်တင်လိုက်သည်။
ကျွန်တော့်ရဲ့အပူဒစ် ကာကွယ်မှုက ဘယ်လိုမှ မရတော့။ ကျွန်တော် လည်စင်းခံနေရတဲ့ သိုးတကောင် လို ဖြစ်နေသည။်
ခေါင်းတိုင်ဘေးက လူတွေကတော့ ခေါင်းတိုင်က ကျလာတဲ့ အရိပ်အောက်မှာ ကျွန်တော်မနာလိုဘူး။ သူတို့ကို မနာလိုဘူး။ ၀ယ်ပစ်လိုက်ချင်တယ်။ ဒီအရိပ်ကို ၀ယ်လို့ရရင် ၀ယ်ပစ်လိုက်ချင်တယ် ခင်ဗျားတို့ ရောင်းမလား၊ ကြိုက်သလောက်ယူစမ်း၊ ပိုက်ဆံတစ်ထပ်ကြီး ကျုပ်ဆီမှာ ပါတယ်။ ကျွန်တော့်ရင်ထဲမှာ ယောက်ယက် ခတ်နေပြီ။
ကျွန်တော့်အကြည့် ဟိုဟိုသည်သည် ရွှေ့တော့် ကျွန်တော့်လိုပဲ သီးသီးသန့်သန့် ထိုင်နေသော လူတစ်ယောက် ကို တွေ့လိုက်ရသည်။
သည်လူက ကျောပေးထားသည်မို့ မျက်နှာကို မမြင်ရ၊ ၀တ်စားဆင်ပြင်က ဘယ်လိုမှ အဆင် အသွေးမပေါ်။ ကျွန်တော့်ဆိုင်က အလုပ်သမားတွေကမှ သူ့ထက် အပြတ်သားနားဦးမည်။ ခုတော့ သည်လူ့ အ၀တ်က ညစ်မှုန်လှသည်။
ကျွန်တော်သည် သူ့ကိုကြည့်ရင်း ကြည့်ရင်းမှာပင် ရုတ်တရက် ပျော်လာသည်။
သည်လူက နေရောင်ဘက်ဆီ မျက်နှာမူ၊ ခေါင်းငိုက်စိုက်ချထားသည်မို့ သည်လူ့ရဲ့ အရိပ်က သဘောင်္ ပေါ် မှာ လဲကျလျက်။
ဒါကို ခေါင်းတိုင်အရိပ်မှာ ကျပ်ကျပ်တည်းတည်း ခိုလှုံသူတွေ မသိတာလား၊ သတိမထားမိတာလား နှမြောဖို့ ပင် ကောင်းသေးတော့။
ကျွန်တော်ထိုင်ရာက ဖင်တရွတ်ဆွဲပြီး ထိုလူ့အရိပ်ဆီ သွားလိုက်သည်။ လမ်းလျှောက်ပြီးတော့ မသွားရဲ၊ လှုပ်လှုပ်အနေအထားမှာ ကျွန်တော် လမ်းမလျှောက်ရဲပါ။
ကျွန်တော်အရိပ်လေးဆီ ရောက်သွားခဲ့ပြီ။ ဒူးဆန့်၊ ခြေဆန့် အနေအထားမဟုတ်ပေမယ့် သက်သောင့် သက်သာစွာ နေရာ အေးအေးလေးတစ်ခု ကျွန်တော် ပိုင်ဆိင်ခဲ့ပြီ။ စောစောက ရုန်းကြွ နေသော ဒေါသများလည်း ပြေလျော့သွားပြီ ဖြစ်သည်။
အိတ်ထဲမှ ကင့်စ်တ် တစ်လိပ်ထုတ်သည်။ စီးကရက်ကို တရှိုက်မတ်မတ် ဖွာရှိုက်ပြီး တစ်ဝက်ကျိုး ချိန်လောက်မှာ ကျွန်တော့်အတွက် အရိပ်ပေးသော ပုဂ္ဂိုလ်ကို စီးကရက်တစ်လိပ်လောက် တိုက်လိုက်ဖို့ စိတ်ကူး မိသည်။
သည်လူကတော့ ကျွန်တော်တိုက်လိုက်မည့် စီးကရက်ကို မြင်ဖူးမည်တောင်မထင်။ သူ့အတွက် တစ်သက် လုံး ပြောစရာ ကြွားစရာ စီးကရက်လေး ဖြစ်နေမှာလား မသိ။ ကျွန်တော် စီးကရက်တစ်လိပ် တိုက် လိုက်ပါမည်။
'ဒီမှာ....ဒီမှာ' ကျွန်တော် ထိုလူ့ကျော်ကို လှမ်းပုတ်ပြီး ခေါ်လိုက်တော့ ထိုလူ ကျွန်တော့်ဘက် လှည့်လာသည်။
ရုတ်တရက် ကျွန်တော် ခုန်ထပစ်တော့မလို ဖြစ်သွားသည်။ ကျွန်တော့် လက်ဖျံမှာ၊ ခြေထောက်မှာ၊ တစ်ကိုယ်လုံး မှာ ကြက်သီးတွေ ဖြန်းခနဲ ထလာသည်။ သွေးတောင် ဆုတ်သွားခဲ့သည်လား မသိ။ မျက်နှာ က ပွရောင်းရောင်း၊ နှာခေါင်းကဆို ပြားကပ်လို့တောင်နေသည်။ နားရွက်နှစ်ဖက်ကလည်း ထူအမ်းအမ်း။ ကျွန်တော့် ကို မေးငေါ့ပြပြီး 'ဘာလဲ'ဆိုသည့် အသံက နှာခေါင်းသံ အပ်ြည့၊ နှာစေးနေသည့်သူ တစ်ယောက် ရဲ့ အသံနဲ့တောင်မတူ ကျွန်တော် တံတွေးကို ပျစ်ခနဲ ထွေးချင်စိတ်တောင် ပေါ်လာသည်။
ထိုလူပြန်လှည့်သွားတော့ ကျွန်တော့်ရင်က မြင်းအကောင်တစ်ရာလောက် ရဲ့ ခွာသံတွေ မြည်ဟီး တုန်ခါ နေလေသည်။
ညနေ ၅ နာရီလောက်မှာ ကျွန်တော့် သူငယ်ချင်းရဲ့ မြို့ကလေးကို သဘောင်္ဆိုက်ကပ်လိမ့်မည်။ ကျွန်တော် စီးရတဲ့ သဘောင်္ခရီးစဉ် ကတော့ နေရောင်အောက်မှာ ပူပြင်းရှတစွာ...။
ဒါပေမဲ့ ကျွန်တော်သိပ်မမှု၊ ကျွန်တော့်အတွက် အရိပ်ကလေး တခု လုံခြုံစွာ ရနေပြီ။
ကျွန်တော် က ပူပြင်းမှုဒဏ်ကို ကြောက်တတ်သည်လေ...။

ရဲသျှမ်း
၁၉၈၉ အောက်တိုဘာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
No comments:
Post a Comment